Smartphone Trending

Redmi K20 မွာ Game Turbo 2.0 ပါမည္

ဒီလ ၂၈ ရက္မွာ ေၾကညာမယ့္ စြမ္းေဆာင္ရည္ျမင့္ Redmi K20 ရဲ႕ သတင္းအခ်က္အလက္မ်ားစြာ ထြက္ေပၚေနပါတယ္။ ယခုထြက္ေပၚလာတဲ့ သတင္းအရ Redmi K20 မွာ Game Turbo 2.0 ပါလာမယ္လို႔ သိရပါတယ္။  ဂိမ္းကစားေနစဥ္မွာလည္း Message မ်ား ေပးပို႔ႏုိင္မွာ ျဖစ္ပါတယ္။ အဲဒီအတြက္ သူဟာ ဂိမ္းကစားလို႔လည္း အရမ္းကို ေကာင္းမြန္မွာပါ။

စြမ္းေဆာင္ရည္ျမင့္ Redmi K20 ရဲ႕ အေနာက္ဘက္ကို ရိုက္ကူးထားတဲ့ ဓါတ္ပံုတစ္ခု မၾကာခင္ကထြက္ေပၚလာပါတယ္။ အေနာက္ဘက္ဟာ အေရာင္ေျပာင္း ဒီဇိုင္း ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုးကို ေဒါင္လိုက္တပ္ဆင္ထားတာကို ျမင္ရပါတယ္။ ပါ၀ါနဲ႔ အသံခလုတ္မ်ားကို ဖုန္းရဲ႕ ညာဘက္ျခမ္းမွာ ထည့္သြင္းထားပါတယ္။

သူဟာ Redmi ရဲ႕ ပထမဆံုး စြမ္းေဆာင္ရည္ျမင့္ ဖုန္း ျဖစ္ၿပီး Snapdragon 855 Chipset ေမာင္းႏွင္ထားမွာပါ။ မၾကာခင္က Weibo မွာ တင္ထားခဲ့တဲ့ ပို႔စ္အရ Redmi K20 မွာ 48MP ကင္မရာတစ္လုံး ပါဝင္လာမွာျဖစ္ၿပီး၊ Sony IMX586 sensor အသုံးျပဳမွာျဖစ္တယ္လို႔ Xiaomi တည္ေထာင္သူ Lei Jun ကိုယ္တိုင္က မၾကာခင္က အတည္ျပဳေပးထားပါတယ္။ မေန႔ကလည္း ကုမၸဏီက သူ႔မွာ 4000mAh Battery ပါမယ္လို႔ အတည္ျပဳထားပါတယ္။ ဘက္ထရီအတြက္ 27W အားအျမန္သြင္းစနစ္လည္း ပါလာမွာပါ။

သူ႔မွာ AMOLED Display ကို အသံုးျပဳထားႏုိင္ပါတယ္။  အေနာက္ဘက္မွာ ျမင္ကြင္းက်ယ္ ကင္မရာ ပါလာႏိုင္ပါတယ္။ ဆဲလ္ဖီးကင္မရာက 20MP ျဖစ္ၿပီး Pop-up Design ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

Gorilla Glass 6 ကလည္း ေနာက္ဆံုးထုတ္ အမ်ိဳးအစား ျဖစ္ပါတယ္။  မ်က္ႏွာျပင္ေအာက္ လက္ေဗြရာစနစ္ ပါဝင္လာဖို႔ ရွိပါတယ္။ Redmi K20 နဲ႔အတူ Redmi K20 Pro ကိုလည္း ေၾကညာႏုိင္ပါတယ္။ ေမလ ၂၈ ရက္မွာ ေၾကညာမွာ ျဖစ္ပါတယ္။

unicode

Redmi K20 မှာ Game Turbo 2.0 ပါမည်

ဒီလ ၂၈ ရက်မှာ ကြေညာမယ့် စွမ်းဆောင်ရည်မြင့် Redmi K20 ရဲ့ သတင်းအချက်အလက်များစွာ ထွက်ပေါ်နေပါတယ်။ ယခုထွက်ပေါ်လာတဲ့ သတင်းအရ Redmi K20 မှာ Game Turbo 2.0 ပါလာမယ်လို့ သိရပါတယ်။ ဂိမ်းကစားနေစဉ်မှာလည်း Message များ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် သူဟာ ဂိမ်းကစားလို့လည်း အရမ်းကို ကောင်းမွန်မှာပါ။

စွမ်းဆောင်ရည်မြင့် Redmi K20 ရဲ့ အနောက်ဘက်ကို ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ခု မကြာခင်ကထွက်ပေါ်လာပါတယ်။ အနောက်ဘက်ဟာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်တပ်ဆင်ထားတာကို မြင်ရပါတယ်။ ပါဝါနဲ့ အသံခလုတ်များကို ဖုန်းရဲ့ ညာဘက်ခြမ်းမှာ ထည့်သွင်းထားပါတယ်။

သူဟာ Redmi ရဲ့ ပထမဆုံး စွမ်းဆောင်ရည်မြင့် ဖုန်း ဖြစ်ပြီး Snapdragon 855 Chipset မောင်းနှင်ထားမှာပါ။ မကြာခင်က Weibo မှာ တင်ထားခဲ့တဲ့ ပို့စ်အရ Redmi K20 မှာ 48MP ကင်မရာတစ်လုံး ပါဝင်လာမှာဖြစ်ပြီး၊ Sony IMX586 sensor အသုံးပြုမှာဖြစ်တယ်လို့ Xiaomi တည်ထောင်သူ Lei Jun ကိုယ်တိုင်က မကြာခင်က အတည်ပြုပေးထားပါတယ်။ မနေ့ကလည်း ကုမ္ပဏီက သူ့မှာ 4000mAh Battery ပါမယ်လို့ အတည်ပြုထားပါတယ်။ ဘက်ထရီအတွက် 27W အားအမြန်သွင်းစနစ်လည်း ပါလာမှာပါ။

သူ့မှာ AMOLED Display ကို အသုံးပြုထားနိုင်ပါတယ်။ အနောက်ဘက်မှာ မြင်ကွင်းကျယ် ကင်မရာ ပါလာနိုင်ပါတယ်။ ဆဲလ်ဖီးကင်မရာက 20MP ဖြစ်ပြီး Pop-up Design ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

Gorilla Glass 6 ကလည်း နောက်ဆုံးထုတ် အမျိုးအစား ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာစနစ် ပါဝင်လာဖို့ ရှိပါတယ်။ Redmi K20 နဲ့အတူ Redmi K20 Pro ကိုလည်း ကြေညာနိုင်ပါတယ်။ မေလ ၂၈ ရက်မှာ ကြေညာမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.