Smartphone Trending

Xiaomi Mi 9T ကို မွတ္ပံုတင္လိုက္ၿပီ

Xiaomi ရဲ႕ စြမ္းေဆာင္ရည္ျမင့္ Mi 9 Series အသစ္တစ္လံုး လာဦးမွာ ျဖစ္ပါတယ္။ ေရွာင္မီက Mi 9 , Mi 9 SE , Mi 9 Transparent Edition မ်ားကို ထုတ္လုပ္ေရာင္းခ်ၿပီးသြားပါၿပီ။ ယခင္ႏွစ္လိုပဲ Mi 9 Pro လာဦးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Mi 9T လို႔ အမည္ေပးထားပါတယ္။ သူ႔ကို ထိုင္း၊ ထိုင္၀မ္၊ စင္ကာပူနဲ႔ ရုရွား ႏုိင္ငံမ်ားမွာ မွတ္ပံုတင္ထားပါတယ္။ ေမာ္ဒယ္ နံပါတ္က M1903F10G ျဖစ္ပါတယ္။

ဥေရာပ စီးပြားေရး ေကာ္မရွင္မွာလည္း Xiaomi Mi 9T ကို ေမာ္ဒယ္နံပါတ္ M1903F10G အေနနဲ႔ပဲ မွတ္ပံုတင္ထားတာ ျဖစ္ပါတယ္။ ေရွာင္မီက Mi 9T ရဲ႕ သတင္းအခ်က္အလက္မ်ားကိုေတာ့ ေျပာျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ မွတ္ပံုတင္လိုက္ၿပီ ဆိုေတာ့ မၾကာခင္မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။

ထြက္ေပၚေနတဲ့ သတင္းမ်ားအရ Mi 9T မွာ Mi 9 မွာလို Qualcomm Snapdragon 855 Chipset ေမာင္းႏွင္ထားမွာပါ။  48MP Main Camera  ပါလာမွာ ျဖစ္ပါတယ္။ 12GB RAM , 256GB Storage မ်ား ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ဘက္ထရီက သာမာန္ Mi 9 ထက္ အနည္းငယ္ပိုမိုႀကီးမားမွာ ျဖစ္ပါတယ္။  Mi 9T ရဲ႕ ေစ်းႏႈန္းဟာ Mi 9 ထက္ အနည္းငယ္ ပိုမ်ားမွာ ျဖစ္ပါတယ္။  

ေရွာင္မီက ၿပီးခဲ့တဲ့ ႏွစ္က Mi 8 , Mi 8 SE , Mi 8 Pro , Mi 8 Explorer Edition မ်ားကို ေၾကညာခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ Mi 9 Pro or Mi 9T ကို မၾကာခင္ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။

unicode

Xiaomi Mi 9T ကို မှတ်ပုံတင်လိုက်ပြီ

Xiaomi ရဲ့ စွမ်းဆောင်ရည်မြင့် Mi 9 Series အသစ်တစ်လုံး လာဦးမှာ ဖြစ်ပါတယ်။ ရှောင်မီက Mi 9 , Mi 9 SE , Mi 9 Transparent Edition များကို ထုတ်လုပ်ရောင်းချပြီးသွားပါပြီ။ ယခင်နှစ်လိုပဲ Mi 9 Pro လာဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Mi 9T လို့ အမည်ပေးထားပါတယ်။ သူ့ကို ထိုင်း၊ ထိုင်ဝမ်၊ စင်ကာပူနဲ့ ရုရှား နိုင်ငံများမှာ မှတ်ပုံတင်ထားပါတယ်။ မော်ဒယ် နံပါတ်က M1903F10G ဖြစ်ပါတယ်။

ဥရောပ စီးပွားရေး ကော်မရှင်မှာလည်း Xiaomi Mi 9T ကို မော်ဒယ်နံပါတ် M1903F10G အနေနဲ့ပဲ မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။ ရှောင်မီက Mi 9T ရဲ့ သတင်းအချက်အလက်များကိုတော့ ပြောခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မှတ်ပုံတင်လိုက်ပြီ ဆိုတော့ မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းများအရ Mi 9T မှာ Mi 9 မှာလို Qualcomm Snapdragon 855 Chipset မောင်းနှင်ထားမှာပါ။ 48MP Main Camera ပါလာမှာ ဖြစ်ပါတယ်။ 12GB RAM , 256GB Storage များ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဘက်ထရီက သာမာန် Mi 9 ထက် အနည်းငယ်ပိုမိုကြီးမားမှာ ဖြစ်ပါတယ်။ Mi 9T ရဲ့ ဈေးနှုန်းဟာ Mi 9 ထက် အနည်းငယ် ပိုများမှာ ဖြစ်ပါတယ်။

ရှောင်မီက ပြီးခဲ့တဲ့ နှစ်က Mi 8 , Mi 8 SE , Mi 8 Pro , Mi 8 Explorer Edition များကို ကြေညာခဲ့ပါတယ်။ ဒီနှစ်မှာတော့ Mi 9 Pro or Mi 9T ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.