Enterprise Trending

အလ်ားလိုက္ သာမက ေဒါင္လိုက္ပါ ၾကည့္ႏိုင္တဲ့ Samsung ရဲ႕ တီဗီ

စမတ္ဖုန္းေတြကို လူေတြ ရူးသြပ္စြာ အသံုးျပဳေနၾကပါတယ္။ အဲဒီအတြက္ ဆမ္ေဆာင္းက စမတ္ဖုန္းမွ Content မ်ားကို အရြယ္ႀကီး တီဗီမွာ ၾကည့္ႏုိင္မယ့္ နည္းလမ္းတစ္ခုကို ဖန္တီးလိုက္ပါတယ္။ အဲဒါကေတာ့ ေဒါင္လိုက္ တီဗီပါ။ သူ႔ရဲ႕ အမည္က Sero ျဖစ္ၿပီး အလ်ားလိုက္ သာမက ေဒါင္လိုက္ပါ ၾကည့္ႏိုင္ပါတယ္။

ဆမ္ေဆာင္းက လူငယ္မ်ားအတြက္ ဒီဇိုင္းထုတ္ထားတာလို႔ ေျပာပါတယ္။ ၄၃ လက္မ တီဗီ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက လူငယ္မ်ားအား စမတ္ဖုန္းမွ အရာမ်ားကို အရြယ္ႀကီး တီဗီမွာ ေဒါင္လုိက္ ၾကည့္ရႈခ်င္လာေအာင္ အားေပးခ်င္တဲ့ သေဘာနဲ႔ Sero ကို ဖန္တီးခဲ့တာလို႔ ေျပာပါတယ္။ 60W Speakers မ်ားက အသံထြက္ေကာင္းမြန္ၿပီး ဆမ္ေဆာင္းက အင္တာနက္မွ သီခ်င္းမ်ားကို နားဆင္ဖို႔ ေကာင္းတယ္လို႔ ေျပာပါတယ္။  

Sero မွာ ဂိမ္းကစားျခင္း၊ ရုပ္ရွင္ ၾကည့္ျခင္းမ်ား ျပဳလုပ္လို႔လည္း ေကာင္းပါတယ္။ ေဒါင္လိုက္၊ အလ်ားလိုက္ ေျပာင္းဖို႔ကလည္း လြယ္ကူပါတယ္။ Bixby Voice Assistant ထည့္ထားတဲ့ အတြက္ သူ႔ကို အသံအမိန္႔မ်ားနဲ႔ ခိုင္းေစႏုိင္ပါတယ္။ တီဗီ မၾကည့္ခ်ိန္မ်ားမွာ Digital Photo Frame , Music Visualizer မ်ား အျဖစ္ သံုးႏုိင္ပါတယ္။ ဘာမွ မသံုးရင္ေတာင္  ေနအိမ္ အလွဆင္ ပရိေဘာဂလိုပါ အသံုးျပဳႏိုင္ပါတယ္။

တီဗီရဲ႕ အေနာက္ဘက္ ဒီဇိုင္းက ရိုးရွင္းပါတယ္။ Stand ကလည္း ဒီဇိုင္း လွပပါတယ္။ ေတာင္ကိုရီးယားမွာ ၀မ္ ၁.၈၉ သန္း ( ၁၆၀၀ ေဒၚလာ)နဲ႔ ေမလကုန္မွာ ေရာင္းမွာပါ။ Samsung က စမတ္ဖုန္း နယ္ပယ္မွာေတာ့ LG ကို အျပတ္အသတ္ အသာရေနပါတယ္။ ဒါေပမယ့္ စမတ္တီဗီ နယ္ပယ္မွာေတာ့ သူတို႔ဟာ သိပ္မကြာၾကပါဘူး။  စမတ္တီဗီ နယ္ပယ္မွာ LG ကို အသာရခ်င္လို႔ Sero ကို ဖန္တီးထားတာလည္း ျဖစ္ႏုိင္ပါတယ္။

unicode

အလျားလိုက် သာမက ဒေါင်လိုက်ပါ ကြည့်နိုင်တဲ့ Samsung ရဲ့ တီဗီ

စမတ်ဖုန်းတွေကို လူတွေ ရူးသွပ်စွာ အသုံးပြုနေကြပါတယ်။ အဲဒီအတွက် ဆမ်ဆောင်းက စမတ်ဖုန်းမှ Content များကို အရွယ်ကြီး တီဗီမှာ ကြည့်နိုင်မယ့် နည်းလမ်းတစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲဒါကတော့ ဒေါင်လိုက် တီဗီပါ။ သူ့ရဲ့ အမည်က Sero ဖြစ်ပြီး အလျားလိုက် သာမက ဒေါင်လိုက်ပါ ကြည့်နိုင်ပါတယ်။

ဆမ်ဆောင်းက လူငယ်များအတွက် ဒီဇိုင်းထုတ်ထားတာလို့ ပြောပါတယ်။ ၄၃ လက်မ တီဗီ ဖြစ်ပါတယ်။ ဆမ်ဆောင်းက လူငယ်များအား စမတ်ဖုန်းမှ အရာများကို အရွယ်ကြီး တီဗီမှာ ဒေါင်လိုက် ကြည့်ရှုချင်လာအောင် အားပေးချင်တဲ့ သဘောနဲ့ Sero ကို ဖန်တီးခဲ့တာလို့ ပြောပါတယ်။ 60W Speakers များက အသံထွက်ကောင်းမွန်ပြီး ဆမ်ဆောင်းက အင်တာနက်မှ သီချင်းများကို နားဆင်ဖို့ ကောင်းတယ်လို့ ပြောပါတယ်။

Sero မှာ ဂိမ်းကစားခြင်း၊ ရုပ်ရှင် ကြည့်ခြင်းများ ပြုလုပ်လို့လည်း ကောင်းပါတယ်။ ဒေါင်လိုက်၊ အလျားလိုက် ပြောင်းဖို့ကလည်း လွယ်ကူပါတယ်။ Bixby Voice Assistant ထည့်ထားတဲ့ အတွက် သူ့ကို အသံအမိန့်များနဲ့ ခိုင်းစေနိုင်ပါတယ်။ တီဗီ မကြည့်ချိန်များမှာ Digital Photo Frame , Music Visualizer များ အဖြစ် သုံးနိုင်ပါတယ်။ ဘာမှ မသုံးရင်တောင် နေအိမ် အလှဆင် ပရိဘောဂလိုပါ အသုံးပြုနိုင်ပါတယ်။

တီဗီရဲ့ အနောက်ဘက် ဒီဇိုင်းက ရိုးရှင်းပါတယ်။ Stand ကလည်း ဒီဇိုင်း လှပပါတယ်။ တောင်ကိုရီးယားမှာ ဝမ် ၁.၈၉ သန်း ( ၁၆၀၀ ဒေါ်လာ)နဲ့ မေလကုန်မှာ ရောင်းမှာပါ။ Samsung က စမတ်ဖုန်း နယ်ပယ်မှာတော့ LG ကို အပြတ်အသတ် အသာရနေပါတယ်။ ဒါပေမယ့် စမတ်တီဗီ နယ်ပယ်မှာတော့ သူတို့ဟာ သိပ်မကွာကြပါဘူး။ စမတ်တီဗီ နယ်ပယ်မှာ LG ကို အသာရချင်လို့ Sero ကို ဖန်တီးထားတာလည်း ဖြစ်နိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.