App/Game Enterprise Social Trending

Screen Time ရဲ႕ ျပိဳင္ဘက္app ေတြကို ဖယ္ရွားရျခင္းမွာ privacy ေၾကာင့္ဟု Apple ဆုိ

Zawgyi Version

iOS က built-in feature အေနနဲ႕ ေပးထားေပမယ့္လည္း third-party app ေတြက ပိုလူၾကိဳက္မ်ားသြားတယ္ဆိုတာက အဆန္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း third-parties ေတြကို ျဖဳတ္ခ်လိုက္မယ္ဆုိိရင္ေတာ့ အဆန္းျဖစ္သြားမယ္။ install လုပ္ႏုိင္ေခ်နည္းသြားသလို iPhones ၊ iPads ေတြမွာ အျခားအရာကို ေရြးခ်ယ္ခြင့္လည္း နည္းသြားလို႕ပါပဲ။

မႏွစ္ကတုန္းက iOS 12 ကို ပြဲဦးထြက္ခ်ိန္မွာ Apple ဟာ Screen Time feature အသစ္ေလးကို မိတ္ဆက္ခဲ့ပါတယ္။ ဒါေလးကေတာ့ Apple mobile device မွာ နဲ႕ iPhones or iPads ေတြမွာ ကေလးေတြအသံုးျပဳႏုိင္ေစဖို႕အတြက္ မိဘေတြက အခ်ိန္ကန္႕သတ္ေပးႏုိင္တဲ့ feature ေလးပဲျဖစ္ပါတယ္။ အဲဒီမတုိင္ခင္မွာလည္း အျခားေသာ app နဲ႕ လုပ္ငန္းေတြက ေပးအပ္ေနတဲ့၀န္ေဆာင္မႈေတြလည္း ရွိေနျပီးသားပါ။ အခ်ိဳ႕ကေတာ့ Apple ရဲ႕ Screen Time မေပးႏုိင္ေသးတဲ့အရာေတြေတာင္ ေပးစြမ္းႏုိင္ပါတယ္။

third-party app အေတာ္မ်ားမ်ားက ေပးႏုိင္တာေတြ မ်ားေလ့ရွိပါတယ္။ အခုအခ်ိန္မွာေတာ့ အဲဒီလိုမ်ိဳး app ရဲ႕ ၁၇ခုမွာ ၁၁ေလာက္ကို App Store ကေန ဖယ္ရွားခံလိုက္ရတယ္လို႕ ျပီးခဲ့တဲ့ရက္က သတင္းေတြတက္လာပါတယ္။ သူတို႕ဟာ app ေတြကို ျပင္ဆင္ေပးဖို႕လိုအပ္ေၾကာင္းေျပာထားျပီးေတာ့ Screen Time ထက္ feature နည္းေအာင္ ကန္႕သတ္လိုက္တာမ်ိဳး၊ အခ်ိဳ႕ app ေတြဆိုရင္ App Store ကေန ဖယ္ရွားလိုက္တာမ်ိဳးေတြ လုပ္ထားပါတယ္။ ရလဒ္ကေတာ့ သူတို႕ရဲ႕ app ေရာင္းအားကို ထိခိုက္သြားေစခဲ့ပါတယ္။

Apple ရဲ႕ ေၾကညာခ်က္ကေတာ့ အဲဒီapp ေတြမွာပဲ အျပစ္ရွိေနတာပါ။ အမ်ားစုက Mobile Device Management (MDM) feature ကို အသံုးျပဳထားတာမို႕ parental control ရေနတာပါ။ ဒါဟာ စီးပြားေရးလုပ္ငန္းသံုးအတြက္ တရား၀င္တယ္ဆိုေပမယ့္လည္း Apple ကေတာ့ privacy နဲ႕ security ပုိင္းကို စဥ္းစားျပီးေတာ့ ေပၚလစီနဲ႕ညိေနတယ္လို႕ ေျပာထားပါတယ္။

Apple ရဲ႕ တံု႕ျပန္ခ်က္ကေတာ့ ခုနေျပာခဲ့တဲ့သတင္းကို ေျဖရွင္္းရာမေရာက္ပါဘူး။ ေမးခြန္းထုတ္စရာေတြျဖစ္လာခဲ့ပါတယ္။ third-party app ေတြဟာ လူၾကိဳက္မ်ားေနျပီးေတာ့ လုပ္ေဆာင္ေနတာလည္း ၾကာျမင့္ေနပါျပီ။ လုပ္ရမယ္ဆိုရင္လည္း Screen Time မထုတ္ခင္ကတည္းက လုပ္ပါလား။ ေျဖရွင္းခ်က္ကို မၾကာပဲထုတ္ေပးမွ အဆင္ေျပပါလိမ့္မယ္။

ျပိဳင္ဘက္ေတြကို ကစ္တာမဟုတ္ေၾကာင္း သက္ေသျပဖုိ႕အတြက္ Apple ဟာ Verizon ရဲ႕ Smart Family app နဲ႕ Moment ရဲ႕ Balance Screen Time တို႕ကို နမူနာျပထားပါတယ္။ Moment ဟာ iPhone battery screen ရဲ႕ screenshot ကိုယူျပီးေတာ့ အသံုးျပဳပါတယ္။ တစ္နည္းေျပာရရင္ေတာ့ အဲဒီလုပ္ေဆာင္ခ်က္ကို ေပးႏုိင္ဖို႕အတြက္ လံုျခံဳေရးပိုင္းဆုိင္ရာမွာ အားနည္းခ်က္ေတြရွိေနႏုိင္ပါတယ္။

Apple ရဲ႕ official statement ကေတာ့ ေက်နပ္စရာမေကာင္းပါဘူး။ လက္ရွိမွာလည္း တရားရင္ဆုိင္မႈေတြ၊ App Store ေပၚမွာ တရားမွ်တမႈမရွိတာေတြလုပ္ေနလိုိ႕ ေ၀ဖန္မႈေတြလည္း ခံေနရပါတယ္။ Apple အေနနဲ႕ ျပိဳင္ဘက္ေတြအျဖစ္ကေန မိတ္ေဆြအျဖစ္ေျပာင္းလဲဖုိ႕ လိုအပ္ေနျပီျဖစ္ပါတယ္။ developer ေတြကေတာ့ Apple ကို မိတ္ေဆြအေနနဲ႕ မျမင္ေတာ့ဘဲ ရန္သူလို႕ သေဘာထားေနၾကပါျပီ။ ဒါဟာ အလားအလာမေကာင္းတဲ့ျဖစ္ရပ္ပါပဲဲ။

Unicode Version

iOS က built-in feature အနေနဲ့ ပေးထားပေမယ့်လည်း third-party app တွေက ပိုလူကြိုက်များသွားတယ်ဆိုတာက အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း third-parties တွေကို ဖြုတ်ချလိုက်မယ်ဆိုရင်တော့ အဆန်းဖြစ်သွားမယ်။ install လုပ်နိုင်ချေနည်းသွားသလို iPhones ၊ iPads တွေမှာ အခြားအရာကို ရွေးချယ်ခွင့်လည်း နည်းသွားလို့ပါပဲ။

မနှစ်ကတုန်းက iOS 12 ကို ပွဲဦးထွက်ချိန်မှာ Apple ဟာ Screen Time feature အသစ်လေးကို မိတ်ဆက်ခဲ့ပါတယ်။ ဒါလေးကတော့ Apple mobile device မှာ နဲ့ iPhones or iPads တွေမှာ ကလေးတွေအသုံးပြုနိုင်စေဖို့အတွက် မိဘတွေက အချိန်ကန့်သတ်ပေးနိုင်တဲ့ feature လေးပဲဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာလည်း အခြားသော app နဲ့ လုပ်ငန်းတွေက ပေးအပ်နေတဲ့ဝန်ဆောင်မှုတွေလည်း ရှိနေပြီးသားပါ။ အချို့ကတော့ Apple ရဲ့ Screen Time မပေးနိုင်သေးတဲ့အရာတွေတောင် ပေးစွမ်းနိုင်ပါတယ်။

third-party app အတော်များများက ပေးနိုင်တာတွေ များလေ့ရှိပါတယ်။ အခုအချိန်မှာတော့ အဲဒီလိုမျိုး app ရဲ့ ၁၇ခုမှာ ၁၁လောက်ကို App Store ကနေ ဖယ်ရှားခံလိုက်ရတယ်လို့ ပြီးခဲ့တဲ့ရက်က သတင်းတွေတက်လာပါတယ်။ သူတို့ဟာ app တွေကို ပြင်ဆင်ပေးဖို့လိုအပ်ကြောင်းပြောထားပြီးတော့ Screen Time ထက် feature နည်းအောင် ကန့်သတ်လိုက်တာမျိုး၊ အချို့ app တွေဆိုရင် App Store ကနေ ဖယ်ရှားလိုက်တာမျိုးတွေ လုပ်ထားပါတယ်။ ရလဒ်ကတော့ သူတို့ရဲ့ app ရောင်းအားကို ထိခိုက်သွားစေခဲ့ပါတယ်။

Apple ရဲ့ ကြေညာချက်ကတော့ အဲဒီapp တွေမှာပဲ အပြစ်ရှိနေတာပါ။ အများစုက Mobile Device Management (MDM) feature ကို အသုံးပြုထားတာမို့ parental control ရနေတာပါ။ ဒါဟာ စီးပွားရေးလုပ်ငန်းသုံးအတွက် တရားဝင်တယ်ဆိုပေမယ့်လည်း Apple ကတော့ privacy နဲ့ security ပိုင်းကို စဉ်းစားပြီးတော့ ပေါ်လစီနဲ့ညိနေတယ်လို့ ပြောထားပါတယ်။

Apple ရဲ့ တုံ့ပြန်ချက်ကတော့ ခုနပြောခဲ့တဲ့သတင်းကို ဖြေရှင်းရာမရောက်ပါဘူး။ မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။ third-party app တွေဟာ လူကြိုက်များနေပြီးတော့ လုပ်ဆောင်နေတာလည်း ကြာမြင့်နေပါပြီ။ လုပ်ရမယ်ဆိုရင်လည်း Screen Time မထုတ်ခင်ကတည်းက လုပ်ပါလား။ ဖြေရှင်းချက်ကို မကြာပဲထုတ်ပေးမှ အဆင်ပြေပါလိမ့်မယ်။

ပြိုင်ဘက်တွေကို ကစ်တာမဟုတ်ကြောင်း သက်သေပြဖို့အတွက် Apple ဟာ Verizon ရဲ့ Smart Family app နဲ့ Moment ရဲ့ Balance Screen Time တို့ကို နမူနာပြထားပါတယ်။ Moment ဟာ iPhone battery screen ရဲ့ screenshot ကိုယူပြီးတော့ အသုံးပြုပါတယ်။ တစ်နည်းပြောရရင်တော့ အဲဒီလုပ်ဆောင်ချက်ကို ပေးနိုင်ဖို့အတွက် လုံခြုံရေးပိုင်းဆိုင်ရာမှာ အားနည်းချက်တွေရှိနေနိုင်ပါတယ်။

Apple ရဲ့ official statement ကတော့ ကျေနပ်စရာမကောင်းပါဘူး။ လက်ရှိမှာလည်း တရားရင်ဆိုင်မှုတွေ၊ App Store ပေါ်မှာ တရားမျှတမှုမရှိတာတွေလုပ်နေလို့ ဝေဖန်မှုတွေလည်း ခံနေရပါတယ်။ Apple အနေနဲ့ ပြိုင်ဘက်တွေအဖြစ်ကနေ မိတ်ဆွေအဖြစ်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ developer တွေကတော့ Apple ကို မိတ်ဆွေအနေနဲ့ မမြင်တော့ဘဲ ရန်သူလို့ သဘောထားနေကြပါပြီ။ ဒါဟာ အလားအလာမကောင်းတဲ့ဖြစ်ရပ်ပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.