App/Game Trending

Play Store ေပၚကေန ျဖဳတ္ခ်ခံလုိက္ရတဲ့ ES File Manager

Zawgyi Version

ဒီတစ္ပတ္အေစာပိုင္းမွာတုန္းက BuzzFeed News ရဲ႕သတင္းတစ္ခုမွာ တရုတ္လုပ္ငန္း DO Global ဆီက app ေတြကို Play Store ေပၚကေန ဖယ္ရွားပစ္ခဲ့တယ္လို႕ ပါ၀င္ခဲ့ပါတယ္။ အေၾကာင္းရင္းကေတာ့ သံုးစြဲသူေတြရဲ႕ ထိေတြ႕မႈမပါဘဲ ေၾကာ္ျငာေတြကို အလိုအေလ်ာက္ႏွိပ္ေအာင္ လုပ္ေဆာင္ထားတဲ့အတြက္ေၾကာင့္ပါ။ Google ဟာ DO Global ပိုင္ဆုိင္တဲ့ app ေတြကို ဖယ္ရွားခဲ့ျပီး အေကာင့္ေတြကို ရပ္ဆုိင္းထားခဲ့ပါတယ္။ ဒီျဖစ္ရပ္ထဲမွာ ES File Manager ေလးလည္း ပါ၀င္ေနခဲ့ပါတယ္။

ES File Manager ဆိုတာဟာ လူသိမ်ားတဲ့ file manager တစ္ခုျဖစ္ျပီးေတာ့ လြန္ခဲ့တဲ့ႏွစ္ပိုင္းေတြမွာ အေတာ္ေလးေက်ာ္ၾကားခဲ့ပါတယ္။ developer အခ်င္းခ်င္းလည္း ေထာက္ခံေပးမႈနဲ႕ သံုးစြဲခဲ့ၾကပါတယ္။ ‘ES Global’ လို႕ေဖာ္ျပထားတဲ့ developer ရွိေပမယ့္လည္း တကယ္တမ္းပိုင္ဆုိင္သူကေတာ့ ‘Du Global’ ပါ။ LinkedIn ရဲ႕အတည္ျပဳခ်က္အရ Du ဆိုတာက DO Global ရဲ႕ အခြဲတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ ျဖဳတ္ခ်ခဲ့တာျဖစ္ႏုိင္ပါတယ္။

Du Global ကို ဘာေၾကာင့္မ်ား app က ျဖဳတ္ခ်ခံရတာလဲလို႕ ေမးေနတုန္းပါပဲ။ ျဖစ္နုိင္တာကေတာ့ Play Store policies ကို ခ်ိဳးေဖာက္ခဲ့တယ္နဲ႕ တူပါတယ္။ ‘ES Global’ အေကာင့္ကိုလည္း ေလာေလာဆယ္မွာ ရပ္ဆုိင္းထားပါတယ္။

ES File Explorer ေလးဟာ ‘Charging Boot’ adware ေတြလည္း ပါ၀င္ခဲ့သလို Pro version ကိုလည္း မိတ္ဆက္ေပးခဲ့ပါတယ္။ ဒီဗားရွင္းမွာေတာ့ ေၾကာ္ျငာကင္းစင္ပါတယ္။

ဒီ app ေနရာမွာ အစားထိုးသံုးခ်င္တယ္ဆိုုရင္ေတာ့  Solid Explorer နဲ႕ Files by Google ကေတာ့ ကၽြန္ေတာ့အၾကိဳက္ေတြျဖစ္ပါတယ္။ သံုးၾကည့္ေစခ်င္ပါတယ္။

Unicode Version

ဒီတစ်ပတ်အစောပိုင်းမှာတုန်းက BuzzFeed News ရဲ့သတင်းတစ်ခုမှာ တရုတ်လုပ်ငန်း DO Global ဆီက app တွေကို Play Store ပေါ်ကနေ ဖယ်ရှားပစ်ခဲ့တယ်လို့ ပါဝင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ သုံးစွဲသူတွေရဲ့ ထိတွေ့မှုမပါဘဲ ကြော်ငြာတွေကို အလိုအလျောက်နှိပ်အောင် လုပ်ဆောင်ထားတဲ့အတွက်ကြောင့်ပါ။ Google ဟာ DO Global ပိုင်ဆိုင်တဲ့ app တွေကို ဖယ်ရှားခဲ့ပြီး အကောင့်တွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒီဖြစ်ရပ်ထဲမှာ ES File Manager လေးလည်း ပါဝင်နေခဲ့ပါတယ်။

ES File Manager ဆိုတာဟာ လူသိများတဲ့ file manager တစ်ခုဖြစ်ပြီးတော့ လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ အတော်လေးကျော်ကြားခဲ့ပါတယ်။ developer အချင်းချင်းလည်း ထောက်ခံပေးမှုနဲ့ သုံးစွဲခဲ့ကြပါတယ်။ ‘ES Global’ လို့ဖော်ပြထားတဲ့ developer ရှိပေမယ့်လည်း တကယ်တမ်းပိုင်ဆိုင်သူကတော့ ‘Du Global’ ပါ။ LinkedIn ရဲ့အတည်ပြုချက်အရ Du ဆိုတာက DO Global ရဲ့ အခွဲတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဖြုတ်ချခဲ့တာဖြစ်နိုင်ပါတယ်။

Du Global ကို ဘာကြောင့်များ app က ဖြုတ်ချခံရတာလဲလို့ မေးနေတုန်းပါပဲ။ ဖြစ်နိုင်တာကတော့ Play Store policies ကို ချိုးဖောက်ခဲ့တယ်နဲ့ တူပါတယ်။ ‘ES Global’ အကောင့်ကိုလည်း လောလောဆယ်မှာ ရပ်ဆိုင်းထားပါတယ်။

ES File Explorer လေးဟာ ‘Charging Boot’ adware တွေလည်း ပါဝင်ခဲ့သလို Pro version ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဗားရှင်းမှာတော့ ကြော်ငြာကင်းစင်ပါတယ်။

ဒီ app နေရာမှာ အစားထိုးသုံးချင်တယ်ဆိုရင်တော့  Solid Explorer နဲ့ Files by Google ကတော့ ကျွန်တော့အကြိုက်တွေဖြစ်ပါတယ်။ သုံးကြည့်စေချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.