App/Game Knowledge Smartphone Trending

iOS 12.3 beta 3 ကို အသုံးပြုပြထားတဲ့ဗွီဒီယိုဖိုင် ထွက်ပေါ်လာ

Zawgyi Version





Unicode Version

မနေ့ကတုန်းက iOS 12.3 beta 3 လေးရဲ့ feature အသစ်တွေကို ပြသထားတဲ့ဗွီဒီယိုဖိုင်အသစ်လေးကို တွေ့မြင်လိုက်ရပါတယ်။ ဒီနေ့အစောပိုင်းမှာ speed test လေးတွေ မြင်ရပြီးတော့ နောက်ထပ်ဗွီဒီယိုတစ်ခုကိုလည်း တွေ့မြင်ရပြန်ပါပြီ။

ဗွီဒီယိုအသစ်လေးထဲမှာတော့ iOS 12.3 ရဲ့ နောက်ဆုံးထွက် beta လေးဟာ ဘယ်လိုမျိုးတွေ ကြည့်ကောင်းနေလဲဆိုတာ ဖော်ပြထားတာမို့ အောက်မှာရှုစားကြည့်လိုက်ပါ။ feature အသစ်တွေကိုလည်း စမ်းပြထားပါတယ်။

Apple ဟာ iOS 12.3 မှာ Apple TV app အသစ်ကိုလည်း မိတ်ဆက်ထားပါတယ်။ Apple TV+ service နဲ့ Apple TV Channel တို့ပါဝင်နေတဲ့ TV subscription ဝန်ဆောင်မှုလေးကို အသုံးပြုခွင့်ရရှိမှာပါ။

Apple ဟာ Apple TV app အသစ်ကို မေလမှာ ပြသသွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့် iOS 12.3 software အသစ်လေးကတော့ မေလအစောပိုင်းမှာ တွေ့ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.