App/Game Social Trending
အချက်အလက်တွေကို အသိမပေးဘဲ မျှဝေနေတဲ့ Mental health app များ
Zawgyi Version
Unicode Version
တချို့ဆိုရင် privacy policy တောင် မရှိကြဘူး။
ကျန်းမာရေး app တွေအနေနဲ့ သင့်ရဲ့အချက်အလက်တွေကို သိမ်းဆည်းထားရမှာပါ။ ဒီလိုသိမ်းဆည်းထားတဲ့နေရာမှာလည်း အလွယ်တကူကြည့်လို့မရအောင်လည်း လုပ်ထားဖို့အရေးးကြီးပါတယ်။ mental health app တိုင်းက လုပ်ချင်မှလည်း လုပ်ကြမှာပေ့ါ။ လေ့လာချက်အရ mental health app ၃၆ကို စစ်ကြည့်ချိန်မှာ ၂၉ခုက သုံးစွဲသူတွေရဲ့အချက်အလက်တွေကို ကြော်ငြာတွေ၊ Facebook ၊ Google တို့ကို ရောင်းချနေတယ်လို့ သိရပါတယ်။ Facebook နဲ့ချိတ်ဆက်ထားတဲ့ app တွေ ၁၂ခုမှာ ၆ခုက သုံးစွဲသူတွေကို ပြောထားပါတယ်။ Google နဲ့ချိတ်ဆက်ထားတဲ့ app ၂၈ခုမှာ ၁၂ခုကလည်း ပြောထားပါတယ်။ ၂၅ခုမှာတော့ policies တွေကို သေချာရှင်းပြထားပြီး ၁၆ခုကပဲ ဘယ်လိုသုံးမလဲရှင်းထားပါတယ်။
ဒါကြောင့် သူများတွေကို ထုတ်ဖော်မပြချင်တဲ့ သင့်ရဲ့စိတ်ကျန်းမာရေးအခြေအနေတွေကို ရောင်းစားခံနေရတာပါ။ ဒါကြောင့် စိတ်ကျန်းမာရေးဆရာဝန်၊ ဆွေးနွေးသူတွေနဲ့ ဆက်သွယ်ဖို့ ကြော်ငြာတွေတောင် မြင်ရနိုင်ပါတယ်။
ချက်ချင်းဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ ရင်းနှီးနေပြီးသားပါ။ privacy policy ရှိရဲ့လား။ မသုံးချင်မှာ ဘယ်လိုဒေတာတွေသုံးမလဲဆိုတာ စစ်ဆေးပါ။ အကြံပေးချင်တာကတော့ ကျန်းမာရေးစောင့်ရှောက်သူတွေ၊ အစိုးရဆီကနေ ထွက်လာတဲ့ app တွေလိုမျိုးသာ သုံးသင့်ပါတယ်။ ရေရှည်မှာဆိုရင်တော့ သင့်ရဲ့ကျန်းမာရေးဒေတာတွေဟာ မလိုအပ်တဲ့နေရာကို မသွားနိုင်အောင်တော့ app သေချာရွေးချယ်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.