App/Game Social Trending
ပါတီ၊ အစည်းအဝေး၊ တွေ့ဆုံပွဲတွေကို Google Maps မှာ ပြသနိုင်တော့မည်
Zawgyi Version
Unicode Version
လက်ရှိမှာတော့ ကနဦးအဆင့်မှာရှိတယ်ဆိုပေမယ့်လည်း ပါတီ ဒါမှမဟုတ် တွေ့ဆုံပွဲတွေကို ထည့်သွင်းနိုင်တော့မှာပါ။
Google Maps သုံးစွဲသူတွေအနေနဲ့ တွေ့ဆုံပွဲအကြီးစားတစ်ခုကို လက်ခံကျင်းပတော့မယ်ဆိုရင် ထည့်သွင်းပြသနိုင်အောင် စီစဉ်ပေးထားပါတယ်။ Android Police ရဲ့ တွေ့ရှိချက်အရ Google ဟာ အချို့သော Android သုံးစွဲသူတွေအတွက် public event တွေကို ထည့်သွင်းဖို့ လုပ်ဆောင်ချက်တစ်ခုကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ တကယ်လို့ ကိုယ်ကကျင်းပတော့မယ်ဆိုရင် Contribute tab ကို သွားပြီးး party ကို ဖန်တီးလိုက်ပါ။ meet-up ဒါမှမဟုတ် public gathering ဖြစ်ဖြစ်ပေ့ါ။ ပြီးရင်တော့ optional descriptions, categories နဲ့ web links တွေကို ဖြည့်ပေးလိုက်ပါ။
လက်ရှိမှာတော့ ကနဦးအဆင့်ပဲ ရှိပါသေးတယ်။ event လေးကို မြင်ရဖို့အတွက် တစ်နာရီလောက် စောင့်ရပါတယ်။ နောက်ပြီး event header ပြင်ပအတွက် ပုံတွေထည့်တဲ့နေရာမှာလည်း အဆင်မပြေမှုလေးတွေရှိနေတယ်လို့ သိရပါတယ်။ နောက်ပြီး ဒေသအလိုက်ကန့်သတ်ချက်လေးတွေလည်း ရှိနေပါသေးတယ်။ Public event တွေဟာ ကနေဒါမှာ လုပ်ဆောင်လို့ မရနိုင်ပါဘူး။ Google ကို ပြန်လည်ဖြေကြားဖို့ တောင်းဆိုထားပေမယ့်လည်း လက်ရှိမှာတော့ ဘာမှတုံ့ပြန်ထားခြင်း မရှိသေးပါဘူး။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.