Gadget Trending

ပိုက္ဆံအကုန္ခံျပီး မ၀ယ္သင့္တဲ့ Apple iPad အသစ္

Zawgyi Version

iPad Mini 4 ကို ေဒၚလာ၄၀၀ နဲ႕ ေရာင္းခ်ခဲ့ဖူးပါတယ္။ ၂၀၁၈ခုႏွစ္မွာေတာ့ ေဒၚလာ၃၃၀နဲ႕ ထြက္ရွိလာျပီး ၉.၇လက္မ screen ၊  အျမင့္စားအခ်က္အလက္ေတြကုိ အသံုးျပဳေပးထားပါတယ္။ ၂၀၁၅ခုႏွစ္တည္းက ထုတ္လုပ္ခဲ့တဲ့ တက္ဘလက္ေလးကို ဆက္္လက္ထုတ္လုပ္ေနတုန္းဆိုလည္း မမွားပါဘူး။ compact Apple tablet ေလး လိုခ်င္တယ္ဆိုရင္ေတာ့ သင့္သေဘာပါပဲ။

ျဖတ္သန္းလာခဲ့တဲ့ႏွစ္ေတြတစ္ေလွ်ာက္မွာ ၊ Apple event တုိင္းမွာ Mini လိုင္းအတြက္ update ထြက္မယ္လို႕ ၾကားေနရပါတယ္။ အခုအခ်ိန္ထိေပ့ါ။ Apple က iPad Mini 5 ကို ေနာက္ဆံုးေတာ့ ထုတ္ျပလုိက္ပါတယ္။ Apple event မလုပ္ဘဲ တိတ္တဆိတ္လုပ္ေဆာင္္ေနရတဲ့အေၾကာင္းရင္းက ဘာေၾကာင့္ဆိုတာ ဆက္ၾကည့္လုိက္ရေအာင္ပါ။

ဘာေတြအသစ္အဆန္းအေနနဲ႕ ေတြ႕ျမင္ရမလဲ

ဖ်က္ကနဲၾကည့္လိုက္ေတာ့ iPad Mini အသစ္ေလးက အရင္ေမာ္ဒယ္လ္ေတြနဲ႕ ထပ္တူက်ေနပါတယ္။ ေနာက္တစ္ေခါက္ျပန္ၾကည့္ပါတယ္။ တူေနတုန္းပဲ။ ဘာေၾကာင့္လဲ ထပ္တူကိုက်ေနလို႕ပါ။ ၇.၉လက္မ screen မွာ တူညီတဲ့ေဘာင္ေတြကိုလည္း ေတြ႕ျမင္ေနရပါတယ္။ Touch ID home button လည္းပါတယ္။ အလူမီနီယမ္ေက်ာျပင္နဲ႕ space gray, silver, or gold color ေတြပဲ။

https://platform.twitter.com/widgets.js

ဘာေတြေျပာင္းလဲသြားလဲ။ A8 ကေန A12 Bionic ကို ထည့္ေပးထားပါတယ္။ အဲဒီchipset ကို လက္ရွိ iPhone XS, XS Max နဲ႕ iPhone XR တုိ႕မွာ အသံုးျပဳေနတာျဖစ္ပါတယ္။ storage ကို 64GB or 256GB ဆိုျပီးေတာ့ လုပ္ေပးထားပါတယ္။ 1.2-megapixel front-facing camera ေလးကို 7-megapixel နဲ႕ ခ်ိန္းေပးထားပါတယ္။ ဒါ့အျပင္ Apple Pencil ၊ TrueTone technology ကိုလည္း ခံစားခြင့္ရရွိမွာပါ။

ဒီအတြက္ ကၽြန္ေတာ္တို႕ ေလးႏွစ္ေတာင္ေစာင့္ခဲ့ရတာ။ ဒါေလာက္ပဲလား။ ေတာ္ေတာ္ေလး နည္းေနတာေပ့ါ။ ေစ်းႏႈန္းေတာင္ မေျပာင္းေပးခဲ့ဘူး။ အရင္လိုပဲ ေဒၚလာ၄၄၀နဲ႕ စဖြင့္ထားပါတယ္။ iPad Mini 4 ကို မၾကာေသးခင္က ၀ယ္ထားတဲ့သူေတြကိုေတာ့ စိတ္မေကာင္းေၾကာင္း ေျပာလုိက္ပါရေစ။

iPad Mini အသစ္အျပင္ iPad အသစ္တစ္လံုးကို ေတြ႕ရမွာပါ။ ေမွ်ာ္လင့္မထားတဲ့ iPad Air ေပ့ါ။ ၁၀.၅လက္မ iPad Pro ကို အစားထိုးထားတာပါ။ ဖ်က္ကနဲၾကည့္လိုက္ရင္ေတာ့ iPad Pro နဲ႕ တူေနပါတယ္။ ေနာက္တစ္ေခါက္ၾကည့္မလား။ ဒါပါပဲ။ ေဒၚလာ၅၀၀ နဲ႕ ေစ်းဖြင့္ထားပါတယ္။

apples new ipad mini and air are seriously underwhelming 5 2019

2019 iPad Mini ကေတာ့ compact tablet လိုခ်င္သူေတြအတြက္ အဆင္ေျပေလာက္မွာပါ။ iPad Pro က ေဒၚလာ၈၀၀ ေလာက္အထိ ရွိေနတယ္။ ပေရာ္ဖက္ရွင္နယ္ေတြအတြက္ဆိုရင္ေတာ့ အဆင္ေျပတာေပ့ါ။ ေဒၚလာ ၃၃၀ တန္ ၉.၇လက္မ iPad ေလးက လူတုိင္းအတြက္ပါ။ ဒါဆို iPad Air ကေရာ။ ဘယ္သူ႕အတြက္ျဖစ္မလဲ။ ၂၀၁၈ေလာက္က iPad ေလးကို ေဒၚလာ၃၃၀ေပးျပီးေတာ့ ဘာလို႕၀ယ္ၾကမွာလဲ။ အပို ေဒၚလာ၁၇၀ ေပးျပီးေတာ့ နည္းနည္းၾကီးတာ၀ယ္ေတာ့မွာပါ။

apples new ipad mini and air are seriously underwhelming 2019

Mid range လည္း ဆင္းေနတာမဟုတ္ျပန္ဘူး။ iPad Pro ေလာက္လည္း စြမ္းေဆာင္ရည္က မျမင့္ျပန္။ ေမာ္ဒယ္လ္အသစ္ထြက္လာခ်ိန္မွာ အဆင္ေျပသြားေအာင္ ဒီဇိုင္းကို မျပင္ထားတာျဖစ္ႏုိင္ပါတယ္။

စိတ္လႈပ္ရွားစရာ တစ္ကြက္မွမရွိ

Apple က ဒီဇိုင္းနဲ႕ အတြင္းပိုင္းကို နည္းနည္းပဲေျပာင္းလဲျပီးေတာ့ အျမတ္အစြန္းရွာေနတယ္လို႕ ျမင္မိပါတယ္။ iPhone 5 တုန္းကလည္း SE ကို အတြင္းပိုင္းျဖည့္ေပးျပီး ျပန္ထုတ္သလုိေပ့ါ။

ဒီဇုိင္းေကာင္းေကာင္းနဲ႕ ဘယ္လိုလမ္းေၾကာင္းေတြသြားေနသလဲဆိုတာ Apple ကို ပံုအပ္ထားတယ္ဆိိုရင္ေတာ့ ဒီဇုိင္းအေဟာင္းနဲ႕ အသစ္ဆိုတာၾကီးကို ျမင္လုိက္ရရင္ စိတ္ပ်က္သြားေလာက္ပါတယ္။ ၁၁လက္မနဲ႕ ၁၂.၉လက္မ iPad Pro ေမာ္ဒယ္လ္ကေတာ့ မ်ိဳးဆက္သစ္ တက္ဘလက္ေတြရဲ႕လမ္းေၾကာင္းကို ျပသေပးေနပါတယ္။

facial recognition ဟာ အဆင္ေျပျပီးေတာ့ fingerprint scanning ထက္ ပိုစိတ္ခ်ရတယ္ဆိုတာ ျပသေပးခဲ့တယ္။ တကယ္လည္း မွန္ပါတယ္။ ကၽြန္ေတာ္တို႕အတြက္ headphone jack မလုိေတာ့ဘူးလို႕လည္း ေျပာတယ္။ ဒါကေတာ့ ျငင္းခံုရမယ့္ကိစၥပါပဲ။ ေဘးေဘာင္ေတြကို ေလွ်ာ့ခ်ထားျပီး screen လည္း တိုးေပးထားပါတယ္။ ဒါေပမယ့္လည္း ေလးႏွစ္သက္တမ္းရွိတဲ့ဒီဇုိင္းအေဟာင္းၾကီးပဲေလ။

iPad အသစ္ေတြကို ရင္ခုန္ေအာင္လုပ္လို႕မရပါဘူး။ ရင္ခုန္စရာမွမရွိတာ။ Apple လည္းသိပါတယ္။ Mini လုိင္းအတြက္ ဂုဏ္ယူရမယ္ဆိုေပမယ့္လည္း ေလးႏွစ္သက္တမ္းရင့္ iPad ကို ေဒၚလာ၄၀၀ ေလာက္နဲ႕ ေရာင္းတယ္ေနာ္။ iPad Mini နဲ႕ iPad Air ကေတာ့ မ၀ယ္သင့္ေသးဘူးလို႕ ေျပာခ်င္တယ္။

Unicode Version

iPad Mini 4 ကို ဒေါ်လာ၄၀၀ နဲ့ ရောင်းချခဲ့ဖူးပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ ဒေါ်လာ၃၃၀နဲ့ ထွက်ရှိလာပြီး ၉.၇လက်မ screen ၊ အမြင့်စားအချက်အလက်တွေကို အသုံးပြုပေးထားပါတယ်။ ၂၀၁၅ခုနှစ်တည်းက ထုတ်လုပ်ခဲ့တဲ့ တက်ဘလက်လေးကို ဆက်လက်ထုတ်လုပ်နေတုန်းဆိုလည်း မမှားပါဘူး။ compact Apple tablet လေး လိုချင်တယ်ဆိုရင်တော့ သင့်သဘောပါပဲ။
ဖြတ်သန်းလာခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ ၊ Apple event တိုင်းမှာ Mini လိုင်းအတွက် update ထွက်မယ်လို့ ကြားနေရပါတယ်။ အခုအချိန်ထိပေ့ါ။ Apple က iPad Mini 5 ကို နောက်ဆုံးတော့ ထုတ်ပြလိုက်ပါတယ်။ Apple event မလုပ်ဘဲ တိတ်တဆိတ်လုပ်ဆောင်နေရတဲ့အကြောင်းရင်းက ဘာကြောင့်ဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။
ဘာတွေအသစ်အဆန်းအနေနဲ့ တွေ့မြင်ရမလဲ
ဖျက်ကနဲကြည့်လိုက်တော့ iPad Mini အသစ်လေးက အရင်မော်ဒယ်လ်တွေနဲ့ ထပ်တူကျနေပါတယ်။ နောက်တစ်ခေါက်ပြန်ကြည့်ပါတယ်။ တူနေတုန်းပဲ။ ဘာကြောင့်လဲ ထပ်တူကိုကျနေလို့ပါ။ ၇.၉လက်မ screen မှာ တူညီတဲ့ဘောင်တွေကိုလည်း တွေ့မြင်နေရပါတယ်။ Touch ID home button လည်းပါတယ်။ အလူမီနီယမ်ကျောပြင်နဲ့ space gray, silver, or gold color တွေပဲ။

https://platform.twitter.com/widgets.js


ဘာတွေပြောင်းလဲသွားလဲ။ A8 ကနေ A12 Bionic ကို ထည့်ပေးထားပါတယ်။ အဲဒီchipset ကို လက်ရှိ iPhone XS, XS Max နဲ့ iPhone XR တို့မှာ အသုံးပြုနေတာဖြစ်ပါတယ်။ storage ကို 64GB or 256GB ဆိုပြီးတော့ လုပ်ပေးထားပါတယ်။ 1.2-megapixel front-facing camera လေးကို 7-megapixel နဲ့ ချိန်းပေးထားပါတယ်။ ဒါ့အပြင် Apple Pencil ၊ TrueTone technology ကိုလည်း ခံစားခွင့်ရရှိမှာပါ။
ဒီအတွက် ကျွန်တော်တို့ လေးနှစ်တောင်စောင့်ခဲ့ရတာ။ ဒါလောက်ပဲလား။ တော်တော်လေး နည်းနေတာပေ့ါ။ ဈေးနှုန်းတောင် မပြောင်းပေးခဲ့ဘူး။ အရင်လိုပဲ ဒေါ်လာ၄၄၀နဲ့ စဖွင့်ထားပါတယ်။ iPad Mini 4 ကို မကြာသေးခင်က ဝယ်ထားတဲ့သူတွေကိုတော့ စိတ်မကောင်းကြောင်း ပြောလိုက်ပါရစေ။
iPad Mini အသစ်အပြင် iPad အသစ်တစ်လုံးကို တွေ့ရမှာပါ။ မျှော်လင့်မထားတဲ့ iPad Air ပေ့ါ။ ၁၀.၅လက်မ iPad Pro ကို အစားထိုးထားတာပါ။ ဖျက်ကနဲကြည့်လိုက်ရင်တော့ iPad Pro နဲ့ တူနေပါတယ်။ နောက်တစ်ခေါက်ကြည့်မလား။ ဒါပါပဲ။ ဒေါ်လာ၅၀၀ နဲ့ ဈေးဖွင့်ထားပါတယ်။

apples new ipad mini and air are seriously underwhelming 5 2019


2019 iPad Mini ကတော့ compact tablet လိုချင်သူတွေအတွက် အဆင်ပြေလောက်မှာပါ။ iPad Pro က ဒေါ်လာ၈၀၀ လောက်အထိ ရှိနေတယ်။ ပရော်ဖက်ရှင်နယ်တွေအတွက်ဆိုရင်တော့ အဆင်ပြေတာပေ့ါ။ ဒေါ်လာ ၃၃၀ တန် ၉.၇လက်မ iPad လေးက လူတိုင်းအတွက်ပါ။ ဒါဆို iPad Air ကရော။ ဘယ်သူ့အတွက်ဖြစ်မလဲ။ ၂၀၁၈လောက်က iPad လေးကို ဒေါ်လာ၃၃၀ပေးပြီးတော့ ဘာလို့ဝယ်ကြမှာလဲ။ အပို ဒေါ်လာ၁၇၀ ပေးပြီးတော့ နည်းနည်းကြီးတာဝယ်တော့မှာပါ။

apples new ipad mini and air are seriously underwhelming 2019


Mid range လည်း ဆင်းနေတာမဟုတ်ပြန်ဘူး။ iPad Pro လောက်လည်း စွမ်းဆောင်ရည်က မမြင့်ပြန်။ မော်ဒယ်လ်အသစ်ထွက်လာချိန်မှာ အဆင်ပြေသွားအောင် ဒီဇိုင်းကို မပြင်ထားတာဖြစ်နိုင်ပါတယ်။
စိတ်လှုပ်ရှားစရာ တစ်ကွက်မှမရှိ
Apple က ဒီဇိုင်းနဲ့ အတွင်းပိုင်းကို နည်းနည်းပဲပြောင်းလဲပြီးတော့ အမြတ်အစွန်းရှာနေတယ်လို့ မြင်မိပါတယ်။ iPhone 5 တုန်းကလည်း SE ကို အတွင်းပိုင်းဖြည့်ပေးပြီး ပြန်ထုတ်သလိုပေ့ါ။
ဒီဇိုင်းကောင်းကောင်းနဲ့ ဘယ်လိုလမ်းကြောင်းတွေသွားနေသလဲဆိုတာ Apple ကို ပုံအပ်ထားတယ်ဆိုရင်တော့ ဒီဇိုင်းအဟောင်းနဲ့ အသစ်ဆိုတာကြီးကို မြင်လိုက်ရရင် စိတ်ပျက်သွားလောက်ပါတယ်။ ၁၁လက်မနဲ့ ၁၂.၉လက်မ iPad Pro မော်ဒယ်လ်ကတော့ မျိုးဆက်သစ် တက်ဘလက်တွေရဲ့လမ်းကြောင်းကို ပြသပေးနေပါတယ်။
facial recognition ဟာ အဆင်ပြေပြီးတော့ fingerprint scanning ထက် ပိုစိတ်ချရတယ်ဆိုတာ ပြသပေးခဲ့တယ်။ တကယ်လည်း မှန်ပါတယ်။ ကျွန်တော်တို့အတွက် headphone jack မလိုတော့ဘူးလို့လည်း ပြောတယ်။ ဒါကတော့ ငြင်းခုံရမယ့်ကိစ္စပါပဲ။ ဘေးဘောင်တွေကို လျှော့ချထားပြီး screen လည်း တိုးပေးထားပါတယ်။ ဒါပေမယ့်လည်း လေးနှစ်သက်တမ်းရှိတဲ့ဒီဇိုင်းအဟောင်းကြီးပဲလေ။
iPad အသစ်တွေကို ရင်ခုန်အောင်လုပ်လို့မရပါဘူး။ ရင်ခုန်စရာမှမရှိတာ။ Apple လည်းသိပါတယ်။ Mini လိုင်းအတွက် ဂုဏ်ယူရမယ်ဆိုပေမယ့်လည်း လေးနှစ်သက်တမ်းရင့် iPad ကို ဒေါ်လာ၄၀၀ လောက်နဲ့ ရောင်းတယ်နော်။ iPad Mini နဲ့ iPad Air ကတော့ မဝယ်သင့်သေးဘူးလို့ ပြောချင်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.