Enterprise Laptop/PC Social Trending

တစ္ႏွစ္အတြင္း ေထာက္ပံ့မႈရပ္ဆုိင္းေတာ့မယ့္ Windows 7

Zawgyi Version

Windows ဗားရွင္းအေဟာင္းေတြကို သံုးေနၾကတဲ့ PC သမားေတြကို မအံ့ၾသၾကပါနဲ႕။ Windows 10 ရဲ႕၀န္ေဆာင္မႈေမာ္ဒယ္လ္ ဒါမွမဟုတ္ IT department က အဆင္မေျပလို႕မ်ားလား။ ဘယ္လိုပဲျဖစ္ျဖစ္ အေတာ္မ်ားမ်ားက Windows 7 ကို သံုးေနၾကပါတယ္။

အခုအခ်ိန္ကေတာ့ ေျပာင္းလဲခ်ိန္တန္ျပီ။ Microsoft က ဒီေန႕ကေန တစ္ႏွစ္အတြင္းမွာ Windows 7 အတြက္ security update ဒါမွမဟုတ္ free support ေတြကို ေပးေတာ့မွာ မဟုတ္ပါဘူး။

Windows 7 ကေတာ့ Microsoft ရဲ႕ ေအာင္ျမင္မႈၾကီးတစ္ခုျဖစ္ပါတယ္။ Vista ထုတ္အျပီးေနာက္မွာ ဆန္းသစ္မႈေတြယူေဆာင္ႏုိင္ခဲ့ပါတယ္။ Windows 8 မွာေတာ့ လူေတြအနည္းငယ္ကသာ ဂရုစုိက္ၾကပါတယ္။ Windows 10 မွာ တိုးတက္ေကာင္းမြန္မႈေတြ အနည္းငယ္ထည့္သြင္းေပးထားေပမယ့္လည္း update-driven model နဲ႕ ေၾကာ္ျငာေတြက စိတ္ပ်က္ေစခဲ့ပါတယ္။

Windows 7 ရဲ႕ လူၾကိဳက္မ်ားမႈက Windows 10 သံုးစြဲသူအေရအတြက္ထက္ေတာင္ မ်ားျပားေနတာ ျငင္းလို႕မရပါဘူး။ Windows 7 ကို Windows PC ရဲ႕ ၄၂.၈ရာခုိင္ႏႈန္းမွာ ေတြ႕ျမင္ေနရပါတယ္။ ဒါဟာ အေတာ္မ်ားတဲ့ပမာဏျဖစ္ပါတယ္။ ၂၀၂၀ခုႏွစ္ ဇန္န၀ါရီလ ၁၄ရက္ေန႕မွာ end-of-support ျဖစ္သြားေတာ့မွာပါ။ Microsoft ဟာ ေျပာင္းလဲသံုးစြဲဖို႕အတြက္ လုပ္ေဆာင္္ေနတယ္လို႕ ေတြးရပါတယ္။ အဲဒီေန႕ေနာက္ပိုင္းမွာ security update ေတြကို အခေပးစနစ္နဲ႕ ထုတ္ေပးသြားမွာပါ။ ႏွစ္တုိင္းမွာလည္း ေစ်းႏႈန္းေတြ တိုးျမွင့္သြားမယ္လို႕ သိရပါတယ္။

Unicode Version

Windows ဗားရှင်းအဟောင်းတွေကို သုံးနေကြတဲ့ PC သမားတွေကို မအံ့သြကြပါနဲ့။ Windows 10 ရဲ့ဝန်ဆောင်မှုမော်ဒယ်လ် ဒါမှမဟုတ် IT department က အဆင်မပြေလို့များလား။ ဘယ်လိုပဲဖြစ်ဖြစ် အတော်များများက Windows 7 ကို သုံးနေကြပါတယ်။
အခုအချိန်ကတော့ ပြောင်းလဲချိန်တန်ပြီ။ Microsoft က ဒီနေ့ကနေ တစ်နှစ်အတွင်းမှာ Windows 7 အတွက် security update ဒါမှမဟုတ် free support တွေကို ပေးတော့မှာ မဟုတ်ပါဘူး။
Windows 7 ကတော့ Microsoft ရဲ့ အောင်မြင်မှုကြီးတစ်ခုဖြစ်ပါတယ်။ Vista ထုတ်အပြီးနောက်မှာ ဆန်းသစ်မှုတွေယူဆောင်နိုင်ခဲ့ပါတယ်။ Windows 8 မှာတော့ လူတွေအနည်းငယ်ကသာ ဂရုစိုက်ကြပါတယ်။ Windows 10 မှာ တိုးတက်ကောင်းမွန်မှုတွေ အနည်းငယ်ထည့်သွင်းပေးထားပေမယ့်လည်း update-driven model နဲ့ ကြော်ငြာတွေက စိတ်ပျက်စေခဲ့ပါတယ်။
Windows 7 ရဲ့ လူကြိုက်များမှုက Windows 10 သုံးစွဲသူအရေအတွက်ထက်တောင် များပြားနေတာ ငြင်းလို့မရပါဘူး။ Windows 7 ကို Windows PC ရဲ့ ၄၂.၈ရာခိုင်နှုန်းမှာ တွေ့မြင်နေရပါတယ်။ ဒါဟာ အတော်များတဲ့ပမာဏဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁၄ရက်နေ့မှာ end-of-support ဖြစ်သွားတော့မှာပါ။
Microsoft ဟာ ပြောင်းလဲသုံးစွဲဖို့အတွက် လုပ်ဆောင်နေတယ်လို့ တွေးရပါတယ်။ အဲဒီနေ့နောက်ပိုင်းမှာ security update တွေကို အခပေးစနစ်နဲ့ ထုတ်ပေးသွားမှာပါ။ နှစ်တိုင်းမှာလည်း ဈေးနှုန်းတွေ တိုးမြှင့်သွားမယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.